မေမေ………….. ဒီလိုရေးဖွဲ့ မှု့ လေးအတွက်အမေ့ ကျေးဇူးကိုအားနာမိပါတယ်ဒါမေမဲ့ ဒီညွှန်းဆိုမှု့ စားတမ်းလေးကိုပဲ မေမေပြုံးပြီးပီတိဖြစ်ကျေနပ်နေလိမ့် မယ်လို့ သားသိနေပါတယ်။ ဒီလောကထဲမေမေနဲ့ ပါတ်သက်တဲ့ မော်ကွန်းကဗျည်းတွေ၊ကဗျာစာပေတွေရုပ်ဝတ္ထုပစ္စည်းတွေ၊ပြယုဂ် တွေအမျိုးမျိုးသောတင်စားဖွဲ့ ဆိုခြင်းတွေရှိခဲ့ ပြီဖြစ်ပေမဲ့ ဘယ်လိုရေးဖွဲ့ မှု့ မျိုးမှဘယ်လိုကောက်ကြောင်း ဆွဲခြင်းမျိုးမှမေမေ့ မေတ္တာ၊မေမေကျေးဇူးကိုထပ်တူကျလောက်အောင်ပုံဖော်နိုင်စွမ်းမရှိခဲ့ ပါဘူး။ အဲ့ ဒီလိုရေးစပိခြယ်သပြသခဲ့ တဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်လဲသူတို့ ရဲ့ လုပ်ဆောင်ချက်တွေအပေါ်အပြည့် အ၀ ကျေနပ်သွားမှာမဟုတ်ဘူးဆိုတာအသေအချာပါပဲမေမေ…………… မေမေရေ………… အချိန်တွေစီးမျောသွားတာနဲ့ အမျှလူနေမှု့ အဆင့် အတန်းတွေ၊နည်းပညာတွေလဲပြောင်းလဲလာတယ်နော်။ အရာရာဟာပြောင်းလဲခြင်းနိယာမတွေနဲ့ စီးဆင်းသွားကြပေမဲ့ မေမေ့ မေတ္တာကတော့ မပြောင်းလဲပဲ၊ကောင်းမြဲ ကောင်းနေဆဲပါပဲ။စီးဆင်းမှု့ ခြင်းတူရင်တောင်မေမေ့ မေတ္တာကထာဝရစီးဆင်းနေမဲ့ အနှိုင်းမဲ့ မြစ်တစ်စင်းရဲ့  သီအိုရီတွေနဲ့ ပါလား……….. ကျွန်တော်မေမေ့ ကိုဘယ်အချိန်ကစပြီးမှတ်မိခဲ့ သလဲဆိုတာတောင်မမှတ်မိတော့ ပါဘူး။ကျွန်တော်မှတ်မိသမျှ ထဲမှာတော့ မေမေရှိနေရင်ကျွန်တော်ဘာကိုမှမကြောက်တက်အောင်သတ္တိတွေရှိနေခဲ့ တာပါပဲမေမေ။ အမှန်အတိုင်းပြောရရင်မေမေ့ နို့ ရည်ရဲ့ အရသာဟာချိုတယ်ခါတယ်ပူတယ်အေးတယ်ကျွန်တော်မသိခဲ့ ပါဘူး မေမေ။ဒါပေမဲ့ မေမေ့ နို့ ရည်နဲ့ ရှင်သန်ကြီးထွားလူလားမြောက်လာတဲ့ ကျွန်တော့် အတွက်တော့ မေမေ့ မေတ္တာ ဟာအမြဲတမ်းချိုမြိန်အေးမြခဲ့ ပါတယ်။ ဘ၀ကတစ်ခါတစ်လေအရောင်တွေအမျိုးမျိုးနဲ့ ပူလောင်လွန်းတယ်မေမေ။ ပြီးတော့ မောတယ်။ အဲ့ ဒီအမောတွေကိုပဲလူမှု့ ဖျော်ဖြေရေးနည်းပေါင်းစုံနဲ့ ဖြေသိမ့် မေ့ ဖျောက်ခဲ့ ဖူးတယ်။ဒါပေမဲ့ ပူမြဲပူဆဲပါပဲ။ မောမြဲမောဟိုက်နေဆဲပါပဲမေမေ။ ကျွန်တော့် အတွက်တော့ မေမေ့ ရင်ခွင်သာလျှင်ဘူမိနတ်သန်နေရာမှန်တစ်ခုပါမေမေ။ ကမ္ဘာကြီးထဲကျွန်တော်အနှစ်ခြိုက်ဆုံးစကားလုံးလေးတစ်လုံးရှိတယ်မေမေ။အဲ့ ဒါကတော့ မေမေ့ ကိုချစ်တယ်လို့  ကျွန်တော်ပြောလိုက်တိုင်းကျွန်တော့် ရဲ့ ပါးလေးကိုကိုင်ပြီးလိမ်မာလိုက်တဲ့ သားလေးလို့ ပြောတဲ့ မေမေ့ ရဲ့  အပြုံးတွေနဲ့ စီခြယ်သွန်းလွှတ်တဲ့ စကားလုံးလေးပါပဲမေမေ။ အဲ့ ဒီစကားလုံးလေးဟာရင်ရင်ဘတ်ရဲ့ ဟိုးအနက်ရှိုင်းဆုံးတစ်နေရာမှာဂန္ဒ၀င်တစ်ခုအဖြစ်စွဲပြီးကျန်ရစ်နေပါပြီမေမေ။ မေမေရေ………….. ဂလိုဘယ်လ်လိုက်ဇေးရှဲန်လို့ ခေါ်တဲ့ ဒီဘတ်ခေတ်ထဲမှာအခုဆိုရင်အာတီဖစ်ရှဲ(အတုအယောင်)ခေတ်တစ်ခုလိုအရာ ရာကိုဖန်ဆင်းပုံဖော်ပြီးကောက်ကြောင်းဆွဲထုဆစ်နေကြတယ်မေမေ။ ချစ်ခြင်းအတုတွေနဲ့ မာယာတွေလွှမ်းထားတဲ့ လူ့ ပါတ်ဝန်ကျင်ထဲမှာစစ်မှဗန်တဲ့ မေတ္တာတရားကိုပိုင်ဆိုင်နိုင်တဲ့  မေမေ့ လောက်ဘယ်သူကမှမကြီးမြတ်နိုင်ဘူးလို့ ကျွန်တော်ယုံကြည်နေတယိမေမေ။ ရုပ်ဝတ္ထုအတုတွေကိုနည်းပညာတွေသုံးပြီးဖန်ဆင်းခဲ့ လို့ မိန်းမအတုတွေတောင်ပေါ်နေတဲ့ သည်ခေတ်ထဲမှာ ဘယ်အရာမှစစ်မှန်ခြင်းတွေနဲ့ ကြာကြာမရပ်တည်ခဲ့ ကြပေမဲ့ မေမေ့ မေတ္တာကတော့ အံ့ မခန်းတဲ့ သမိုင်းသစ် တွေနဲ့ ဆက်လက်ရပ်တည်နေနိုင်ဆဲပါပဲ။ ဘယ်လိုနည်းပညာရှင်မျိုးမှလဲမေမေ့ မေတ္တာကိုအတုလုပ်ဖန်ဆင်းဖို့ တွေးရဲနိုင်စရာမရှိသလို၊ ဘယ်လိုနည်းပညာရှင်မျိုးမှလဲအဲ့ ဒီမေတ္တာတရားကိုမလေးမစားပြုမူဖန်တီးကြမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောရဲ့ ပါတယ်မေမေ။ မေမေရေ……….. ကမ္ဘာမှာအရာရာကိုအစားထိုးလို့ ရနိုင်ကောင်းပေမဲ့ မေမေ့ ကိုတော့ ဘယ်လိုမှအစားထိုးလို့ မရနိုင်ခဲ့ သလို မေမေ့ မေတ္တာကိုလဲဘယ်လိုမှအစားထိုးခံစားလို့ မရနိုင်ဘူးဆိုတာအချိန်တွေပြောင်းလဲလာတာနဲ့ အမျှပိုပြီး လေးနတ်စွာခံစားတက်လာခဲ့ တယ်မေမေ။ မေမေကကောင်းကင်တစ်ခုရဲ့ ထုထည်လိုမဟုတ်သေးဘူး။စကြာဝဠာတစ်ခုရဲ့ ကျယ်ပြန့် ကြီးမားမှု့ လို ဒါလဲမဟုတ်သေးပါဘူး။ အတိုင်းအဆမရှိတဲ့ နက်ရှိုင်းမှု့ မျိုးလို(ကျွန်တော်တို့ မမြင်နိုင်တဲ့ ) မေတ္တာမိုးတွေသွန်းဖြိုခဲ့ သလောက်မေမေ့ ကျေးဇူးရဲ့ အဆသန်းပေါင်းများစွာထဲကတစ်ဆစာတောင် မဆပ်နိုင်ခဲ့ သေးတဲ့ ကျွန်တော်ရဲ့ ဒီစာတမ်းလေးနဲ့ မေမေကျေနပ်နေနိုင်ပါစေလို့ ရှစ်ခိုးဦးချကန်တော့ လိုက် ရပါတယ်မေမေ။ လူ့ အဖြစ်ရဲ့ အဦးဆုံးတေးတစ်ပုဒ်အဖြစ်နဲ့ မေမေလို့ ကျွန်တော်ပါးစမ်ကစပြီးရေရွတ်တက်၊နှုတ်ဆက်တက်ခဲ့ ပေမဲ့  ကျွန်တော်ကလဲကိုထူးအိမ်သင်ပြောသလိုအမေ့ ရဲ့ ဒုက္ခအိုးလေးပါပဲမေမေ။ ကျွန်တော်နဲ့ ပါတ်သက်တဲ့ ပူပင်ကြောင့် ကြမှု့ တွေကိုတောင်လောကကြီးကပေးတဲ့ အကောင်းဆုံးဆုလာဒ်တစ်ခုလို ကျေနပ်မှု့ မေတ္တာပန်းတွေဖူးပွင့် နေတဲ့ မေမေ့ ရဲ့ ကျေးဇူးတွေဟာ သည်ကမ္ဘာလောကကြီးထဲကဘယ်တော့ မှငြိုးနွမ်းမသွားနိုင်တဲ့ ဖူးသစ်ခြင်းတွေနဲ့ အမြဲတမ်းဝေလို့ ပါပဲလားမေမေရယ် မင်းလူန
ကောင်းမွန်သောအရေးအသား၊သိသင့်သိထိုက်သော ဗဟု သုတ တွေ့ရှိလေ့လာခဲ့သမျှလေးတွေကို ပြန်လည်မျှဝေပေးရခြင်းဟာလည်း မင်္ဂလာတစ်ပါးပါ ။ု
No comments:
Post a Comment