Wednesday, 2 October 2013

"လွတ်ကျသွားတဲ့ အမှန်တရား"

(၁) နွေကို ဖန်ဆင်းတာ ဆောင်းလို မအေးစက်တတ်ဖို့တဲ့ မနက်ကရွာသွားတဲ့ မိုး အငြိုးတွေပါတယ် မေမေ … အတ္တကို ခြုံမှ နွေးမယ်ဆိုရင်တော့ ကျွန်တော် အေးလဲ အေးပါစေတော့ …

(၂) ပန်းတိုင်ကိုတည် လက်ဆယ်ချောင်းထောင်ပြီး လက်ငါးချောင်းကို စိတ်မှာ မှတ်ခဲ့ပါတယ် မေမေ … ဘဝကို ဝှေ့ယမ်း နှုတ်ဆက်ရုံ သက်သက်ဆိုရင်တော့ ကျွန်တော် တကူးတက မထက်မြက်ချင်တော့ဘူး …

(၃) တစ်ထောင့်တစ်ည မမက်ချင်တာနဲ့ အိပ်မက်တွေကို လက်ထိုး အန်ခဲ့တယ် မေမေ … မင်းသမီးလေးနဲ့ ထိမ်းမြား ဖို့ အိပ်ရေးပျက် ခံမနေတော့ဘူး …

(၄) ကိုယ့်ကိုယ်ကို ပြန်မျှားဖို့ ကိုယ်ကြိုက်တဲ့အစာ ကိုယ်ရှာမှရမယ်တဲ့ မေမေ … ငွေနဲ့ကျောင်းမှ မောင်းမယ့်ကား ခရီးတွေ မှားလည်း မှားပါစေတော့ …

(၅) ခရာမှုတ်ပြီး ပွဲသိမ်းလိုက်ကြစို့ရဲ့တဲ့ .. လွတ်ကျသွားတဲ့ အမှန်တရားက တခါတလေတော့လည်း ခါးတယ် မေမေ ။ ။

သက်ထွေး ၁၇.ဝ၆.၂ဝ၁ဝ မနက် ၈းဝဝ

No comments:

Post a Comment