အနားသပ်မျဉ်းမရှိတဲ့ ဘ၀ကို နာနာလေး ပြန်သက်မိတဲ့ကျနော်က ခုထိသိုးမည်းတစ်ကောင်ပါ…မေမေ ………………………… …………………………
ရင်ငွေ့ ပူပူတွေကို နွေးထွေးမှု့လို့ ထင် ရာဇ၀င်တွင်အောင် မိုက်လိုက်တာ ခုထိကျနော်ကူးနေတဲ့ မြစ်ဟာ အလျားလိုက်ဖြစ်မှန်းမသိပါဘူး မေမေရယ် ………………………… ………………………..
မေမေ အသဲကွဲခဲ့ တဲ့ အမေ့ ရဲ့ သားလေးပြန်လာပြီတဲ့ ကိုသျှပ်မှုးကျော်အသံနဲ့ အဲ့ ဒီသီချင်း ရင်တွင်းထိရောက်ဖူးတယ် ခုကျနော်ပြန်လာပြီမေမေ ကျနော့ အသဲက ရှိကိုမရှိတော့ တာထင်တယ် ………………… ………………. ကျနော့ ကျွမ်းလောင်မှု့ တွေထဲ မေမေ့ ကိုထပ်ဆင့်  လောင်ကျွမ်းစေတာမဟုတ်ပါဘူး မေမေ့ ရင်ထဲမှာ မျက်ရည်များများနဲ့  လောကကြီးကိုသွန်ချရုံလေးပါ ……………………. ……………………..
ကျနော်က ပုံပြင်ဟောင်းတွေထဲက ဗီလိန်တွေကိုသဘောကျတက်တဲ့  နက္ခက်ဆိုးဆိုးနဲ့ ရှင်သန်လာသူပဲလားမေမေရယ် ကျနော်ဒိုင်ယာရီမှာမေမေမပါဘူး ……………………… ………………………
ရေခဲစိမ်ထားတဲ့  မျက်နှာဖုံးရှင်တွေကြားထဲမှာ ကျနော့ ကိုယ်ကျနော် ခဏခဏ သဂြိင်္ုလ်ခဲ့ ရတယ်မေမေ ………………….. …………………..
သားရဲတွင်းထဲမှာ အပြုံးတုတွေအကြောင်း သင်ယူဖို့  ကျနော့ မကြိုးစားသင့် ဖူးမလား ကျနော်အချိန်မနှောင်းသေးဖူးဆိုရင် ပြန်လာဖို့  မေမေ့ ရင်ခွင်ရှိပေမဲ့  ……………….. ……………….
ကျနော့ နေ့ ရက်တွေမှာ အခုကျနော့ လိုသားတွေနဲ့  မေမေ့ ရင်ခွင်ထဲ နားခိုဖို့  နဲနဲတော့ အားယူရပါအုံးမယ်မေမေ မင်းလူန
Wednesday, 2 October 2013
"ခုမှသိတယ် မေမေ"
Labels:
piya
Subscribe to:
Post Comments (Atom)
No comments:
Post a Comment