Friday, 17 April 2015

"အ​ဝေးကကြယ်​သို့"

"အ​ဝေးကကြယ်​သို့"

*​ကောင်းကင်​ပြင်​ကျယ်​ကျယ်​မှာ
သူ့ကိုပဲသိခဲ့တာ
တွေ့ဖို့မလွယ်
ရှာဖို့မလွယ်​လဲ
ပစ္စုပ္ပန်​မှာ​တော့ အလင်းဆုံးကြယ်

ဒါ​ပေမယ့်
အလွမ်း​တွေပြပြီး
ချည်​​နှောင်​ဖို့ မရည်​ရွယ်​ဘူး
လင်းချင်​လင်း   ကွယ်​ချင်​ကွယ်
သူ့ဆန္ဒအတိုင်းပဲ ရှိ​နေ​စေချင်​တယ်

ဆု​တောင်းဆိုရင်​​တောင်
တစ်​ခုပဲ ဖြစ်​ဦးမှာ
အနာဂတ်​မှာ
ကိုယ်​ပါပါ မပါပါ
သူအ​ဆင်​​ပြေဖို့ပဲ လိုတာ

တခါတ​လေ ကြယ်​ဆိုတာ
လက်​ထဲ​ကြွေကြလာမှ
မဟုတ်​ပါဘူး
အ​ဝေးက ​ငေးကြည့်​ရရုံနဲ့လဲ
လှ​နေတတ်​ပါတယ်


Tuesday, 29 April 2014

ပီယ သရ

[NYUNT WIN] Install: https://www.dropbox.com/s/rrqq248tahmcr3t/com.nyunt2.app2_2.0.apk

Saturday, 1 March 2014

ဖုန်း အင်တာနက်ချိတ်နည်းများ

Internet Setting ချိန်နည်းများ ********************
GSM Network သုံး Mobile Phone , CDMA 800 Network သုံး Mobile Phone , 1500 တန် CDMA 800 Network သုံး Mobile Phone , GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )

1.GSM Network သုံး Mobile Phone တွေအတွက်

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – မိမိနှစ်သက်ရာနာမည
် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
ါ username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ
် MNC – 01 လို့ပေါ်နေရပါမယ
် Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့
Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။

အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။
1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။
(မှတ်ချက် – ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။

2.CDMA 800 Network သုံး Mobile Phone တွေအတွက

် 1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – CTNET
APN – #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့။
Username – SMPP@c800.mm (SMPP ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)
Password – မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။
Server – ဘာမှ မထည့်ပါနဲ့။ Authentication type – PAP or CHAP
APN type – Default APN
protocol – IPv4 APN Roaming
protocol – IPv4 Bearer –
Unspecified Data Bearer –
Package Data Prompt password – #777
ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ……ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။
Data Enable ကို On ထားပါမယ်။ထိုနောက်
Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။ ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။

3.1500 တန် CDMA 800 Network သုံး Mobile Phone တွေအတွက
် 1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – Mectel (or) Card
APN - #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့။
Username – mectel@c800.mm (or) card@c800.mm
Password – 123 (or) 12345 (or)
card Server – ဘာမှ မထည့်ပါနဲ့။
MMSC – ဘာမှ မထည့်ပါနဲ့။
MMS Proxy – ဘာမှ မထည့်ပါနဲ့။
MMS Port – ဘာမှ မထည့်ပါနဲ့။
MCC – 460 MNC – 03
Authentication type – PAP or CHAP (or) CHAP
APN type – ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer – မလိုပါ။
Prompt password - #777 APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။ Connection name တောင်းခဲ့ရင် mectel ပါနော်။ ဒါလေးကတော့ Myanmar Mobile User Group က မျှဝေထားတာလေးပါ… တလက်စတည်း Share ပေးလိုက်ပါတယ် ….. Myanmar Mobile Application Store ရဲ့ facebook Mobile Group ဖြစ်တဲ့ Myanmar Mobile Users Group မှာ တင်ထားတဲ့ GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်းကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အခု GSM ဖုန်းအားလုံးမှာ အင်တာနက်သုံးလို့ရပြီဆိုတော့ GSM အမျိုးအစား Android ဖုန်းများတွင် GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android ) ပထမဦးစွာ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – ဒီအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ပြောတာ )
APN – mptnet Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ
် MNC – 01 လို့ပေါ်နေရပါမယ် Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင
် ၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ.. ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင် အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ …. အဆင်ပြေကြပါစေ …ကျေးဇူးတင်ပါတယ်..

ပြန်လည်မျှဝေပေးထားပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာများအား ဂါရ၀ပြုလျှက်

Sunday, 17 November 2013

အမေ့အိမ်

အဲဒီမှာ တံခါးမရှိဘူး အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ- သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့ အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့ မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့ စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ ၀င်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့ အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့ ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့ အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ လရောင်နဲ့ဖျော်စပ်ထားတဲ့ ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ ဘယ်နေရာမှာမှ မရနိုင်တဲ့ ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ တစ်ယောက်ပြီးတစ်ယောက် ဘယ်သူသောက်သောက် စိတ်မကောက်တဲ့ ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ အဲဒီမှာပါ ဆိုးမိုက် ပေ တေ ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ တံခါးဟာ ဖွင့်ထားဆဲ အမေဟာ အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။

ကေးမျိုးငြိမ်း

၂၀၀၈ အောက်တိုဘာ ရတီမဂ္ဂဇင်း

Friday, 15 November 2013

ခပ်လှမ်းလှမ်းကလှမ်း

ငယ်ငယ်က မေမေပုံအောပေးခဲ့တဲ့ ဘဝတစ်ခုဟာ (တကယ့်ကို)နေပျော်ဖို့ကောင်းခဲ့ရဲ့ အကာအရံမဲ့လောကဟင်းလင်းပြင်ထဲ မေမေ့မှော်လက်တွေနဲ့အုပ်မိုးလို့အေးမြခဲ့ ပတ်ဝန်းကျင်ရဲ့ညှီနံ့တွေထဲ မေမေ့သနပ်ခါးနံ့နဲ့လန်းဆန်းခဲ့ အချိန်တွေအကုန်မြန်လိုက်တာမေမေ….။ အတောင်အလက်စုံလာလေ ဒါဏ်ရာတွေများလာလေ လောကဓံကအထုအထောင်းကောင်းလို့ ထုသားပေသားကျလာတဲ့ဒီခန္ဓာမှာ ဘာကိုမှထူးပြီးမခံစားချင်တော့တဲအဆုံး လွမ်းဖျားလွမ်းနာကျလို့ ကယောင်ကတမ်းစကားကိုဆိုရင် မေမေလို့ခေါ်သံကလွဲပြီး ဘယ်အသံကမှဒီထက်ပိုပြီး တိုးလျညင်သာသက်သာလွန်းတာမရှိဘူး အရင်က လောကကြီးကိုမကျေနပ်ရင် မေမေ့ကိုတိုင်ပြောမယ် အရာရာကိုစိတ်တိုင်းမကျရင် မေမေ့ကိုဂဂျီဂဂျောင်ကျမယ် အခုအချိန်မေမေနဲ့ဝေးတော့ ဘယ်သူ့ကိုပြောရပါ့မလဲမေမေ… ဖြစ်နိုင်ရင်ပေါ့မေမေ သဘာဝတရားရဲ့တန်ပြန်မှုတွေနဲ့ ကြမ်းတမ်းမာကျောနေတဲ့မေမေ့ခြေထောက်တွေကို ဆုပ်နယ်ချင်တယ် သနပ်ခါးပါးကွက်ကျားနဲ့ မေမေ့ရဲ့ပါးကိုတဒင်္ဂဖြစ်ဖြစ်မွှေးကြူချင်တယ် ဆန္ဒဟာဆန္ဒသက်သက်လောက် အသွားထက်ပါစေသား…. မေမေရေ လွမ်းတာလည်းလွမ်းတယ် လှမ်းတာလည်းလှမ်းတယ် ခြေလှမ်းတိုင်းမှယအလွမ်းတွေအပြည့်နဲ့ အိမ်ပြန်လာချင်ရဲ့ အဝေးကြီးဝေးခဲ့ပြီမေမေ ဘယ်သူမပြုမိမိမှုတဲ့ အဲဒီလိုထပ်ခါတလဲလဲရွတ်ဆိုနေမိတဲ့ နှုတ်ခမ်းဖျားတွေဟာလည်း မေမေကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းမိတဲ့ ဟောဒီနှုတ်ခမ်းဖျားတွေ……။။။

အမရာ

(ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀)

မေမေ့ပင်လယ်ကူး သင်္ဘောလေး င်္

မေမေ့အပြုံးထဲ ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။ မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ မေမေ့ပေါင်ကို ခေါင်းအုံးလုပ် သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။ ကော်ဖီလည်း လျော့သောက်ပါတယ် အိပ်ရေးဝအောင်လည်း အိပ်တယ် ကွန်ပျူတာလည်း တအားမသုံးဘူး ဘုရားလည်း မှန်မှန်ရှိခိုးတယ် ကျွန်တော် ဆက်ညာနေတုန်းပဲ… ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့ ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။ နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့ ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။ မောဟတန်းလန်းနေ့စွဲတွေထဲ တစ်နေ့တစ်လံ တစ်နေ့တစ်လံနဲ့ပဲ မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။ မေမေတွေ့လား ခိုက်ခိုက်တုန်သတိရစိတ်နဲ့ ညက ကျွန်တော် အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။

လင်းဒီပ

၁၈.၀၃.၁၀ moehlaing nya at 5:14 AM

နောက်ဆုံးမီးနစ်

ဘ၀က အမြဲတမ်းအချိတ်အဆက်လွဲတယ် အမေရယ်... အဝေးပြေးလမ်းမပေါ်တက်ပြီး ကျွန်တော်နောက်ကျမှန်းသိတဲ့အချိန် နှစ်ကာလတွေက တ၀ီဝီဖြတ်သန်းသွားပြီ ယုံယုံကြည်ကြည် စူးနစ်ခဲ့သမျှ နက်နက်ရှိုင်းရှိုင်းနာကျင်ခဲ့ရတယ် စာရေးဆရာရှစ်နှစ်သား ဘလော့ဂါသုံးနှစ်သား အမေ့အတွက်တော့ လက်ကြောမတင်းတဲ့ နှစ်ဆယ့်ရှစ်နှစ်သားကြီးပေါ့ မအောင်မမြင်မချင်း အမေ့အိမ်မပြန်ဘူး မာနတွေတင်းခံခဲ့သမျှ အမေ့ဆီပြန်မရောက်တာပဲ အဖတ်တင်ခဲ့တယ် မြိုကြီးတွေ မလွယ်ပေါက်ကနေ ခွေးတိုးဝက်ဝင်ရှင်သန်နေရတဲ့ကောင် နောက်ကျောမှာ လှောင်ရယ်သံတွေပဲ ပဲ့တင်ပြန်လာတယ်... အိပ်မက်တွေ အတည်တကျမက်ဖို့ ကျွန်တော့် ညရေးညတာတွေခက်နေတုန်း အခန်းလွတ်တွေထဲ တိတ်တိတ်ပုန်းကြေကွဲဖူးပါရဲ့ နောက်ဆုံးမိနစ်မရောက်ခင် အေးစက်နာကျင်တဲ့ ကျွန်တော်ဝတ်ရုံကိုချွတ်လို့ အမေ့ဆီမှာ သန့်သန့်စင်စင် လူပြန်ဖြစ်ချင်ပါသေးတယ်... အမေ။

မိုးလှိုင်ည