"အဝေးကကြယ်သို့"
*ကောင်းကင်ပြင်ကျယ်ကျယ်မှာ
သူ့ကိုပဲသိခဲ့တာ
တွေ့ဖို့မလွယ်
ရှာဖို့မလွယ်လဲ
ပစ္စုပ္ပန်မှာတော့ အလင်းဆုံးကြယ်
ဒါပေမယ့်
အလွမ်းတွေပြပြီး
ချည်နှောင်ဖို့ မရည်ရွယ်ဘူး
လင်းချင်လင်း ကွယ်ချင်ကွယ်
သူ့ဆန္ဒအတိုင်းပဲ ရှိနေစေချင်တယ်
ဆုတောင်းဆိုရင်တောင်
တစ်ခုပဲ ဖြစ်ဦးမှာ
အနာဂတ်မှာ
ကိုယ်ပါပါ မပါပါ
သူအဆင်ပြေဖို့ပဲ လိုတာ
တခါတလေ ကြယ်ဆိုတာ
လက်ထဲကြွေကြလာမှ
မဟုတ်ပါဘူး
အဝေးက ငေးကြည့်ရရုံနဲ့လဲ
လှနေတတ်ပါတယ်